
အရွယ်ရောက်ပြီးသား ငါးများကိုကျွေးသည့်အစာများကို မစားနိုင်ပါ။ ထိုကြောင့် ဆားပုဇွန်(အာတီးမီးယား)ဥမှဖောက်ထားသော ဆားပုဇွန်ပေါက်ခါစများကို
စကျွေးရသည်။ (သို့မဟုတ် ငါးပေါက်များအတွက် သီးသန့်ထုတ်ထားသောအစာအရည်၊ ကြက်ဥအနှစ်မှုန့်တို့ကို ကနဦးအစာအဖြစ် ကျွေးရသည်။ တစ်ကြိမ်
လျှင်အနည်းငယ်သာကျွေးရမည်။ များသွားပါက ရေညစ်ညမ်းသွားမည်။) ဆားပုဇွန်များကျွေးပြီးပါက ငါးကလေးများ၏ ဗိုက်သည်လိမ္မော်ရောင်ဖြင့်ဖောင်း
ကားနေသည်ကိုတွေ့နိုင်သည်။ လေးပတ်သားအရွယ်မှစ၍ တီအရှင်သန့်သန့်ကို ဓားဖြင့်စဉ်းပြီးရေစင်စင်ဆေးပြီးပိတ်စိမ်းပါးဖြင့် စစ်ခါ ကျွေးနိုင်ပြီဖြစ်သည်။
နောက်(၁-၂)ပတ်ခန့်ကြာလျှင် တီအကောင်လိုက်စားနိုင်သောအရွယ်သို့ရောက်ပြီဖြစ်သည်။ ငါးကလေးများကို အစာတစ်နေ့ (၃-၄) ကြိမ်ခန့် ကျွေးရသည်။
(တီအစား သက်ရှိအစာများဖြစ်သော ရေသန်း၊ ပိုးလောက်လန်း ၊အာတီးမီးယားအကောင်ကြီးများကျွေးနိုင်သည်။) သက်ရှိအစာများသည် ငါးကလေးများကို
လျင်မြန်စွာ ကြီးထွားစေသည်။ ငါးကလေးများကို ပေါက်ခါစမှ(၂)ပတ်သားအထိ ရေမညစ်ပတ်လျှင်မလဲပါနှင့်။ (၂)ပတ်ကျော်လျှင် ရေ ၅၀%ကို ပိုက်ဖြင့်
ငါးကလေးများမပါစေဘဲ လဲပေးနိုင်သည်။ ရေပြန်ထည့်လျှင်ဖြည်းညင်းစွာ ပိုက်သေးသေးဖြင့်ထည့်ပါ။
အရွယ်ရောက်လာသောအခါ ဖန်ပုလင်းငယ်များထဲသို့ တစ်ကောင်ခြင်း ခွဲထည့်ပေးရမည်။ ဤနည်းဖြင့် ဖိုက်တာသားပေါက်များကို ကောင်းမွန်စွာ
မွေးမြူနိုင်သည်။
No comments:
Post a Comment